မွန်တိုင်းရင်းသားမိသားစုမှ ဆင်းတက်မွေးဖွားလာတော့ အသက် (၁၀၀)ပြည့် အဖွားဒေါ်လှခင်
မြန်မာနိုင်ငံသူ
အမျိုးသ္မီးကြီး (အဖွား) ဒေါ်လှခင်သည် သ္မီးနှင့် သားမက်ဖြစ်သူတို့  နှင့်အတူ
အမေရိကန်နိုင်ငံ၊ နော့သ်ကာရိုလိုင်းနားပြည်နယ်၊ ဖဲရားဗီးမြို့ တွင်
နေထိုင်လျှက်ရှိပြီး ဖေဖော်ဝါရီလ (၅)ရက်၊ ၂ဝ၁၃ နေ့ က
အသက်(၁ဝဝ)ပြည့်ခဲ့ပါသည်။ အသက် (၁ဝဝ) ပြည့်မွေးနေ့ ပွဲကို ဖေဖော်ဝါရီလ
(၉)ရက်၊၂ဝ၁၃ နေ့ က သားသ္မီးမြေးတစ်စု၊ မိတ်ဆွေ များတို့ နှင့်အတူ နေအိမ်တွင်
ကျင်းပပြု လုပ်ခဲ့ပါသည်။
ထေရဝါဒဗုဒ္ဓဘာသာဝင်
အမျိုသ္မီး ကြီးဖြစ်ပြီး ဘာသာရေးအလွန်ကိုင်းရှိုင်းပါသည်၊၊ နှစ်ဆယ်ရာစု
ခေတ်ဦး ပညာတတ်အရာရှိ မွန်တိုင်းရင်းသားမိသားစုမှ ဆင်းသက်မွေးဖွားလာကာ
အဆင့်မြင့် ပညာတတ်သူလည်း ဖြစ်ပါသည်။ သားသ္မီးများမှာလည်း ခေတ်ပညာတတ်များ၊
ဘာသာရေးကိုင်းရှိုင်းသူ များဖြစ်ကြပါသည်။ ယနေ့ ထိတိုင်
ကျန်းမာရေးကောင်းမွန်ပြီး၊ သတိမေ့ခြင်းများလည်း မရှိ သေးပါ။ အဖွားက
စားစရာအနေနဲ့ ဆန်ပြုတ်ကို အဓိကထားသောက်ကြောင်း၊ ဘာသာရေး အလုပ်အနေနဲ့တော့
ဒါန၊ သီလ၊ ဘာဝနာအစုံပြုလုပ်ကြောင်း၊ အဓိဋ္ဌာန်အနေနဲ့  ကတော့
ဘုရားဂုဏ်တော်များ ပွားများကြောင်း ပြောပြပါသည်။
အပြည့်စုံတို့.